AI Agent and MCP Course in Myanmar 🇲🇲
ပထမဦးစွာ .. ဒီ course သည် Agentic AI နဲ့ပတ်သက်ပြီး develop လုပ်ပုံကအစ Business Landscape အဆုံးပြုစုထားတဲ့ လေ့လာစရာနေရာတစ်ခုဖြစ်ပါတယ်
Machine Learning Course ကြီးမဟုတ်တဲ့အတွက် .. Foundationကြီး တစ်ခုလုံးကနေ စလုပ်ရမှာတော့ မဟုတ်ပါဘူး
သို့ပေမယ့် AI engineering trackကို မြန်မာလို သေသေချာချာလေ့လာချင်တဲ့သူတွေအတွက် ရည်ရွယ်ထားတဲ့ courseတစ်ခုဖြစ်ပါတယ် အစကနေ အဆုံး သေသေချာချာလေ့လာပြီး Community အတွက်အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမယ်
လေ့လာရလွယ်ကူလာမယ်လို့ မျှော်လင့်မိပါတယ်
- ဒီ courseမှာပါသမျှ အကြောင်းအရာများမှားယွင်းနေတာဖြစ်စေ၊ ပြင်ဆင်ဖို့ အကြံပြုလိုတာဖြစ်စေ၊ လွတ်လပ်စွာ အကြံပြုနိုင်ပါကြောင်း
- Discord
Caution
ဒီ course သည် prompt တွေရိုက်ထုတ်ပြီး မြန်မြန်ဆန်ဆန်ကိုယ်ဖြစ်ချင်တာကို ဖန်တီးမယ့် vibe coding courseမဟုတ်ပဲ
Practical Exercise တွေလုပ်ရင်း Agentic Conceptတွေကို သေသေချာချာ လေ့လာရမယ့် သင်ခန်းစာတွေဖြစ်ပါတယ်
ဒါကြောင့် ......
Requirements
- Python programming basic (or) intermediate knowledge ရှိထားဖို့လိုပါတယ်
အများကြီးမဟုတ်ပါဘူး .. data typeတွေဖြစ်တဲ့ string, int, float, boolean, list, dictတွေ, file read, writeနဲ့ api, sdk နဲ့ ပတ်သက်တဲ့ coding အနည်းအကျဥ်းရေးဖူးတဲ့ အတွေ့အကြုံလေးရှိရင်ရပါပြီ
- Cost: Frontier model တွေဖြစ်တဲ့ GPTs, DeepSeek, Claude, Gemini တွေကို အသုံးချမှာဖြစ်တာမို့
openai, anthropic, google အစရှိတဲ့ platformတွေမှာ apiဖိုး အနည်းငယ်ကုန်ကျမှာပါ ထန်ကုန် 5$ to 10$ လောက်ပါပဲ.. (still optional)
မိမိသုံးချင်တဲ့ platformမှာပဲရွေးပြီးသုံးလဲ ဖြစ်ပါတယ်
မိမိဘာမိမိ Ollama မှာ setup လုပ်ပြီး locally run ချင်လည်းဖြစ်ပါတယ်
- Cursor: ဖြစ်နိုင်ရင် Cursor subscription 20$ pro plan ရှိထားရင်အကောင်းဆုံးပါပဲ
ရှိဖို့လိုအပ်တယ်လို့ မပြောလိုပေမယ့် Frontier modelတွေကို လိုသလို access လုပ်နိုင်ဖို့အတွက် option တစ်ခုဖြစ်ပါတယ် cursor အတွက် Financially အရ အဆင်မပြေဘူးဆိုရင် Trae AI IDEကိုလည်းသုံးနိုင်ပါတယ် Trae က ပထမတစ်လ subscription ကို 3$ ပဲယူပါတယ် .. Claude 4.5 ထိသုံးလို့ရပါတယ်
- Total Cost: 25$ or 8$ လောက်ကုန်နိုင်ပါတယ် ..
- ဖော်ပြပါ ကုန်ကျစရိတ်တွေက လေ့လာမယ့် မိမိအတွက်သာဖြစ်ပါတယ် ..
- ကုန်ကျစရိတ်ထက် ဒီ Course ကိုလိုက်လုပ်ပြီး ပြန်ရမယ့် အသိက ပိုတန်မယ်လို့ အာမခံပါတယ်
System Setup with download links
- Jupyter Notebook (Recommended)
- (or Any other python environment)
Course Content
- Context Chaining
- Comparing Mutliple LLMs
